Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 47 — Surah Ash-Shura 42:47
သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်လိုသူဖြစ်နိုင်ရန်) ယင်း (ကမ္ဘာလောကသို့ နောက်တစ်ကြိမ်) ပြန်သွားခွင့်ရှိမည် မဟုတ်သည့်နေ့ကာလ ရောက်မလာမီ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဖိတ်ခေါ်မှု (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝတည်ဆောက်၍ အရှင့်အမိန့်တော်) ကို နာယူကိုးကွယ်ရန် တုံ့ပြန် ဖြေကြားလော့။ (အဘယ်ကြောင့်ဆိုသော်) ထို့နေ့တွင် သင်တို့အတွက် ခိုလှုံရာဌာနဟူ၍လည်း အလျှင်းရှိမည် မဟုတ်သည့်အပြင် (သင်တို့၏မည်သည့်ပြစ်မှုနှင့်သက်သေခံကိုမျှ) သင်တို့အတွက် ငြင်းဆိုနိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်ပေ။