Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 48 — Surah Ash-Shura 42:48
သို့သော် (အို၊ ရစူလ်တမန်တော်) အကယ်၍ သူတို့သည် (သင်၏ဖိတ်ခေါ်မှုကို လက်မခံဘဲ) မျက်နှာ လွှဲကြလျှင် ငါအရှင်မြတ်သည် (အသင် ဝမ်းနည်းပက်လက်မဖြစ်လေနှင့်အကြောင့်မှာ) အသင့်အား သူတို့အပေါ် (သူတို့၏လုပ်ရပ်များကို ဟန့်တားရန်နှင့်သူတို့အတွက် တာဝန်ယူရန်) စောင့်ကြပ်သူအဖြစ် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ သင်၏တာဝန်မှာ အရှင့်အမိန့်တော်များကို (လူသားထံ အရောက် သွန်သင်) ပို့ဆောင်ခြင်းသာ ဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် လူသားအား (အရှင့်လမ်းညွှန်တော် ဂုဏ်သိက္ခာနှင့်ကျေးဇူးတော် စသည်တို့ကို ရယူခံစားနိုင်သည့်) ကရုဏာတော် တစ်စုံတစ်ရာကို မြည်းစမ်းစေတော် မူသောအခါ သူသည် ယင်း (ကျေးဇူးတော်) ကြောင့် ပျော်ရွှင်မြူးထူးလေ့ရှိ၏။ သို့ရာတွင် အကယ်၍ သူတို့၌ သူတို့၏လက်များက ကြိုတင်ပို့ နှင့်သော အပြုအမူကြောင့် ဘေးဒုက္ခအခက်အခဲတစ်စုံတစ်ရာ သက်ရောက်ပါလျှင် ဧကန်မလွဲ၊ လူသားသည် လွန်စွာ ကျေးဇူးကန်းသူ ဖြစ်သွားလေ၏။