Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 5 — Surah Ash-Shura 42:5

မိုးကောင်းကင်များသည် ယင်းတို့အပေါ်မှ အစိတ်စိတ်အမြွှာမြွှာ အက်ကွဲပြိုကျအံဆဲဆဲ ဖြစ်ပြီး မလာအီ ကာကောင်းကင်စေတမန်တို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအားဖြင့် ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုး ကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ် တော်မူကြောင်းကို ဂုဏ်တင်ကြ၏။ သူတို့သည် ကမ္ဘာမြေ၌ရှိ (ကြသော အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ကြ) သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ကိုလည်း ဆုတောင်း ပန်ကြားလျက်ရှိကြ၏။ သတိပြုကြလော့။ (သံသယဖြစ်စရာအကြောင်းလုံးဝမရှသည်မှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်ပင် (လူ့စွမ်း ရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန် ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနား ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။