Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 51 — Surah Ash-Shura 42:51
အလ္လာဟ်အရှင်မြတ်သည် မည်သည့် (သေမျိုးဖြစ်သော) လူသား တစ်ဦးတစ်ယောက်နှင့်မျှ ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချခြင်း၊ စည်းခြား၍ ကန့်လန့်ကာနောက်မှ အရိပ်အခြည်အသံပေးတော်မူခြင်းတို့မှအပ စကားပြောတော်မူသည် မဟုတ်ပေ။ သို့တည်းမဟုတ် အရှင့်ထံတော်မှ သတင်းဆောင်ကောင်းကင်စေတမန်တစ်ပါး (ဂျီဗ်ရီးလ်) ကို စေလွှတ်တော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်ကို အရှင့်ခွင့်ပြု အမိန့်တော်ဖြင့် ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချပေးအပ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ မြင့်မြတ်တော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင် ဉာဏ်တော်အနန္တ) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။