Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 52 — Surah Ash-Shura 42:52

ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အမိန့်တော်များအနက်မှ (ဘဝသက်တမ်းတစ်လျှောက် ရှင်သန် ရပ်တည်ရေးဆိုင်ရာ လမ်းညွှန်ကို ကိုယ်စားပြုသော) ရူဟ်ဝိဉာဉ် (ကုရ်အာန်ကျမ်းတော်မြတ်) အား အသင် (တမန်တော်) ထံ ထုတ်ပြန်ပို့ ချပေးအပ်တော်မူခဲ့၏။ (ထိုမတိုင်မီ) အသင်သည် (ဘဝတည်ဆောက်ရေးလမ်းစဉ်ပါဝင် သော) ကျမ်းတော်အဘယ်နည်းဟူသည်ကိုလည်းကောင်း၊ (နေ့စဉ်ဘဝတွင် ကျင့်သုံးရမည် အခြေခံမူဆိုင်ရာ ရပ်တည်ချက်) ယုံကြည်ချက် အဘယ်နည်းဟူသည်ကိုလည်းကောင်း၊ သိရှိခဲ့သည် မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် အရှင့်အစေခံလူသားတို့အနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူအား ယင်းအားဖြင့် လမ်ညွှန်စေတော်မူမည့် အလင်းတော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) ကို စီမံ ဖြစ်စေတော်မူ၏။ ထို့ပြင် ဧကန်မလွဲ၊ သင်သည် (လူသားအား အစစအရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံ တည်တံ့သောတရားလမ်းမှန်ကို အမှန်ပင် ညွှန်ပြလျက် ရှိ၏။