Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 6 — Surah Ash-Shura 42:6

ထိုအရှင်မြတ်မှအပ (အခြား သက်ရှိသက်မဲ့များကို) ကိုးကွယ်ရာအဖြစ် အယူထားလျက် (ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးသူများဟု ယူဆ၍) အလ္လာဟ်အရှင်မြတ်၏ဝလီ ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူများအဖြစ်မှတ်ယူသူတို့အတွက် သူတို့အပေါ် (သူတို့၏လုပ်ရပ်များကို မှတ်တမ်းအဖြစ် သိမ်းထားတော်မူရန်) အရှင်မြတ်ပင် သတိထားစောင့်ကြည့် စေတော်မူ၏။ စင်စစ်သော်ကား အသင် (တမန်တော်) သည် သူတို့အပေါ် (သူတို့၏လုပ်ရပ်များကို စောင့်ကြည့်ရန် တာဝန်ဖြင့် ခန့်ထားသည့်) တာဝန်ခံ မဟုတ်ပေ။