Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 7 — Surah Ash-Shura 42:7
(အသင်မတိုင်မီ တမန်တော်များထံ အမှန်တရားသစ္စာ ချမှတ်ပေးအပ်တော်မူခဲ့၏) ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့လည်း မိခင်ရွာ (ဖြစ်သော မက္ကဟ်မြို့) နှင့်ယင်း၏ပတ်ဝန်းကျင်မြို့ ရွာဒေသများ (ဖြစ်ကြသော ကမ္ဘာ့နိုင်ငံအသီးသီး) တွင် နေထိုင်ကြသူတို့အား သတိပေးနှိုးဆော်ရန်အလို့ငှာလည်းကောင်း၊ ထို့ပြင် ဒွိဟသံသယ အလျှင်းမရှိသော ( ရှင်ပြန်ထမည့်) နေ့နှင့်စပ်လျဉ်း၍ အသိပေးနှိုးဆော်ရန်အလို့ငှာလည်းကောင်း၊ အရဗီဘာသာစကားဖြင့်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချမှတ်ပေးအပ် တော်မူ၏။ (သူတို့အနက်) အုပ်စုတစ်စုသည် သုခဘုံဥယျာဉ်၌ရှိကြပြီး နောက်အုပ်စုတစ်စုမှာမူကား ငရဲဘုံ၌ (ရှိကြလိမ့်မည်)။