Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 8 — Surah Ash-Shura 42:8
အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုတော်ရှိတော်မူလျှင် အမှန်ပင် သူတို့အားလုံးသည် (တစ်ခုတည်းသော သစ္စာတရားနှင့်ဘဝတည်ဆောက်မှု လမ်းစဉ်ပေါ် လျှောက်လှမ်းသည့်) လူ့ဘောင်အသိုင်းအဝိုင်း တစ်ခုတည်းအဖြစ် စီမံဖြစ်စေတော်မူနိုင်၏။ သို့ရာတွင် ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူတို့အားသာလျှင် အရှင့်ကရုဏာတော် အတွင်းသို့ ဝင်ရောက်စေတော်မူ၏။ စင်စစ် အရှင့်စည်းမျဉ်းတော် ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့မူကား သူတို့အတွက် မည်သည့် ကာကွယ်စောင့်ရှောက်နှင့်ကူညီသူမျှ အလျှင်း ရှိလိမ့်မည် မဟုတ်ချေ။