Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 9 — Surah Ash-Shura 42:9

သို့တည်းမဟုတ် သူတို့သည် ထိုအရှင်မြတ်မှအပ အခြားအရာ (သက်ရှိသက်မဲ့) တို့အား (ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးမည့်) ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူများအဖြစ် မှတ်ယူမည် လော။ အမှန်စင်စစ်မူကား၊ အလ္လာဟ်အရှင်မြတ်သာလျှင် (အရေးကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးစေတော်မူသော) တစ်ဆူတည်းသော ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူမည်။ ထို့ပြင် ထိုအရှင်မြတ် သည်သာလျှင် (အရာခပ်သိမ်းတို့အပေါ် နိယာမစည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍) စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။