Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Alin U Yin — Permalink

Verse 11 — Surah Az-Zukhruf 43:11

ထို့ပြင် ထိုအရှင်မြတ်သည် ကောင်းကင်ယံမှ မိုးရေကို အတိုင်းအတာ၊ အချိန်အဆနှင့်ရွာသွန်းစေတော်မူကြောင့် ထိုမိုးရေဖြင့် (သွေ့ခြောက်သွေ့ခန့်ခြောက်၍ သေနေသော မြို့ရွာနယ်မြေဒေသရှိ) မြေသေ၊ မြေရိုင်း များကို ရှင်ပြန်နိုးထစေလျက် စိမ်းလန်းစိုပြေစေတော်မူ၏။ ထိုနည်းအတိုင်းပင် သင်တို့သည်လည်း (သင်တို့၏ သင်္ချိုင်းတွင်းမှ ရှင်ပြန်) ထွက်စေတော်မူခြင်းကို ခံကြရပေမည်။