Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Alin U Yin — Permalink

Verse 19 — Surah Az-Zukhruf 43:19

ထို့ပြင် သူတို့သည် အနန္တကရုဏာတော်ရှင်၏အစေခံ အမှုတော်ဆောင်များဖြစ်ကြသော မလာအီကာ ကောင်းကင်စေတမန်တို့အား မလိင် (အမျိုးသမီး၊ အရှင့်သမီးတော်များ) များအဖြစ် စီမံသတ်မှတ်ကြ၏။ သူတို့သည် ယင်း (မလာအီကာ ကောင်းကင်စေတမန်) တို့ကို ဖွဲ့စည့်ဖြစ်တည်စေတော်မူစဉ် (အရှင့်ရှေ့တော် မှောက်၌ ရှိနေ၍) မျက်မြင် သက်သေသက်ကန်များ ဖြစ်ကြလေသလော။ (မည်သို့ပင်ဖြစ်စေ သူတို့စွပ်စွဲပြော ဆိုနေသည့်) သူတို့၏သက်သေထွက်ဆိုချက်များသည် ရေးသားမှတ်တမ်းတင်ခြင်းခံရပြီး (နောင်တမလွန် ဘဝတွင် ယင်းနှင့်စပ်လျဉ်း၍) စစ်ဆေး မေးမြန်းခြင်းကိုလည်း ခံကြရပေဦးမည်။