Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Alin U Yin — Permalink

Verse 23 — Surah Az-Zukhruf 43:23

ထို့ပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင် (တမန်တော်) မတိုင်မီ မည်သည့်မြို့ရွာဒေသ၌ပင်ဖြစ်စေ၊ သတိပေးနှိုးဆော်သူ (အရှင့်သတင်းဆောင် တမန်တော်) တစ်ပါးပါးကို စေလွှတ်တော်မူသည့်အခါတိုင်း ယင်း (မြို့ရွာဒေသ) နေ၊ လောကီစည်းစိမ်၌ နစ်မြုပ်ထားသည့်ပြည်သူတို့က ''ဧကန်ပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ၏ဘိုး၊ ဘေး ဘီဘင်တို့၌ တွေ့မြင်ခဲ့သည့် မိရိုးဖလာအစဉ်အလာအပေါ် ရပ်တည်နေသော လူ့ဘောင်အသိုင်း အဝိုင်းတစ်ခုသာဖြစ်ပြီး မုချဧကန်၊ ကျွန်ုပ်တို့သည် သူတို့၏ ခြေရာများပေါ်၌ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်နာနေကြသူများ ဖြစ်ကြ၏။” ဟု ဆင်ခြေပြောဆိုခဲ့ကြ၏။