Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Alin U Yin — Permalink

Verse 32 — Surah Az-Zukhruf 43:32

အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကရုဏာတော် (သော တမန်တော်အဖြစ် ခန့်အပ်၍ ကျမ်းတော်ချီးမြှင့်ပေးအပ်ခြင်း) ကို သင်တို့သည်ပင် ခွဲဝေဖြန့်ဖြူးပေးကြ သလော။ (စင်စစ်သော်ကား) ငါအရှင်မြတ်သည်ပင် လောကီဘဝသက်တမ်း၌ သင်တို့၏ (အသက်မွေးဝမ်း ကျောင်းအပါအဝင်) လောကီအကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များကို သင်တို့ကြားဝယ် ခွဲဝေဖြန့်ဖြူးပေးအပ်ထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် သင်တို့အနက် အချို့သည် အချို့အား လက်အောက်ခံ အမှုထမ်းများအဖြစ် ခန့်အပ်၍ အမှီသဟဲပြုနိုင်ရန်အလို့ငှာ သင်တို့အနက် အချို့ကို အချို့ထက် အခွင့်အလမ်းများ ပိုမို၍ ပေးအပ် တော်မူလျက် မြှောက်စားတော်မူ၏။ စင်စစ်မှာကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်၏ကရုဏာတော်သည် သူတို့ ရှာမှီးဆည်းပူးစုဆောင်းလျက် ရှိကြသည်တို့ထက်သာ လွန်ကောင်းမြတ်လှပေ၏။