Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Alin U Yin — Permalink

Verse 46 — Surah Az-Zukhruf 43:46

တစ်ဖန် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် တမန်တော်မူဆာအား မြင်သာထင်ရှားသော အာယသ်သက်သေ လက္ခဏာတော် (တန်ခိုးအံ့ဖွယ်ရာ) များနှင့်တကွ ဖာရိုမင်းဆက်နှင့် သူ၏မှူးကြီးမတ်ရာ အကြံပေးအကြီးအကဲထံသို့၊ စေလွှတ်တော်မူခဲ့ရာ သူက (သူတို့အား) “ဧကန်ပင်၊ ကျွန်ုပ်သည် စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးတိုးတက်စေတော်မူသောအရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်၏။” ဟု ပြောကြားခဲ့၏။