Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Alin U Yin — Permalink

Verse 51 — Surah Az-Zukhruf 43:51

ထို့ပြင် ဖာရိုမင်းသည် သူ့လူမျိုးကြားတွင် ကြေညာချက်ထုတ်ပြန်သည်မှာ အို၊ ကျွန်ုပ်၏လူမျိုးတို့ ကျွန်ုပ်၌သာလျှင် အီဂျစ်နိုင်ငံ၏အချုပ်အခြာအာဏာ ရှိနေသည် မဟုတ်လော၊ ထို့ပြင် ဤတိုင်းပြည်၌ တသွင် သွင် စီးဆင်းနေသည့် စိမ့်စမ်းရေ (မြစ်ချောင်းအင်းအိုင်) များသည်လည်း ကျွန်ုပ်၏ဩဇာအာဏာအောက်တွင်သာ ရှိကြသည် (မဟုတ်လော)။ သို့ပါလျက် အသင်တို့သည် (အမှန်တရားကို) မမြင်ကြလေသလော။