Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Alin U Yin — Permalink

Verse 61 — Surah Az-Zukhruf 43:61

ထို့ပြင် (တမန်တော်အီစာ ဖခင်မရှိဘဲ မွေးဖွားစေတော်မူသည့်အပြင် သူသေကို အရှင့်ခွင့်ပြုချက်ဖြင့် ပြန်လည်ရှင်သန်စေသော အံ့ဖွယ်လုပ်ရပ်ကိုလည်း ချီးမြှင့်တော်မူခဲ့ရာ ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ် လျဉ်းသောလက္ခဏာ၊ စည်းကမ်းချက်၊ သတ်မှတ်ချက်ကိုလည်း ထင်ရှားစေသောကြောင့်) ဧကန်မလွဲ၊ သူသည် ရှင်ပြန်ထမည့်နေ့ကို ယုံကြည်ရန် အကြောင်းတစ်ရပ်ပင်ဖြစ်ပေရာ သင်တို့သည် ယင်းနှင့်စပ်လျဉ်း၍ ယုံမှားသံသယ မဖြစ်ကြလေနှင့်။ ထို့ပြင် သင်တို့သည် (ထာဝရအေးချမ်းမှုကို ရရှိနိုင်ရန်အလို့ငှာ) ငါအရှင်မြတ်၏ (လမ်းစဉ်တော်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) နောက်သို့သာ လိုက်ခဲ့ကြလော့။ ဤသည်ပင် (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန် ဖြစ်၏။