Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Alin U Yin — Permalink

Verse 63 — Surah Az-Zukhruf 43:63

တစ်ဖန် တမန်တော်အီစာသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေ လက္ခဏာများ ပါဝင်သည့် ရှင်းလင်းချက်နှင့်တကွ ရောက်လာသောအခါ သူက “ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့ထံ (အမှန် တရား၊ ယုံကြည်မှုသစ္စာနှင့်ဘဝတည်ဆောက်ရေးဆိုင်ရာ) နက်နဲသိမ်မွေ့သော ဉာဏ်ပညာအမြော်အမြင်ကို ယူဆောင်လာ၏။ ကျွန်ုပ်သည် သင်တို့အချင်းချင်းကြား သဘောကွဲလွဲနေကြသော (သင်တို့၏လောကီလော =ကုတ္တရာနှစ်ဌာနစလုံး၌ အကျိုးရှိစေမည့်) အရေးကိစ္စအချို့ကို သင်တို့အား ရှင်းလင်းစေရန် ရောက်လာခြင်း ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် ကျွန်ုပ်၏စကားကို လိုက်နာကြလော့။)