Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 43 - Az-Zukhruf
Translation by Alin U Yin — Permalink
Verse 71 — Surah Az-Zukhruf 43:71
ထိုသူတို့၏ရှေ့ဝယ် ရွှေပန်းကန်ပြားများနှင့်သောက်ရေဖလားများသည် ဖြတ်သန်းလည်ပတ်စေလျက် ရှိကြပေမည်။ ထို့ပြင် ယင်း (သုခဘုံဥယျာဉ်ထဲ) ၌ နဖ်စ်(ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များက ဆန္ဒရှိသမျှတို့သည်လည်းကောင်း၊ မျက်စိများအား သာယာကြည်နူးစေမည့်အရာများကိုလည်းကောင်း၊ ရှိကြသည့်အပြင် သင်တို့သည် ထိုထဲ၌ပင် အမြဲထာဝရ နေထိုင်ကြမည် ဖြစ်၏။