Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Alin U Yin — Permalink

Verse 82 — Surah Az-Zukhruf 43:82

မိုးကောင်းကင်များနှင့်ကမ္ဘာမြေကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အ ရှင်၊ (စကြဝဠာ၊ လောကခပ်သိမ်းတို့၏စိုမိုးအုပ်ချုမှုဆိုင်ရာ ပကတိဩဇာအာဏာ) အရ်ရှ်ပလ္လင်တော်ကိုလည်း စီမံလည်ပတ်စေတော်မူသောအရှင်မြတ်သည် (အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍) သူတို့ကြံစည် ဖန်တီးထား သောအရာများမှ (လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်၊း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည် စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော် မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြပါ၏။