Back to Languages

Burmese - Chapter 44 - Ad-Dukhan

Translation by Alin U Yin — Permalink

Verse 3 — Surah Ad-Dukhan 44:3

မုချဧကန်၊ ငါအရှင်မြတ်သည် ထိုကျမ်းတော်ကို ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ညတစ်ညတွင် ချမှတ်ပေးအပ်တော်မူခဲ့၏။ ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် (လူသားတို့အား စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အချိန်မှစ၍) သတိပေးတော်မူသောအရှင် ဖြစ်တော်မူ၏။