Back to Languages

Burmese - Chapter 45 - Al-Jathiyah

Translation by Alin U Yin — Permalink

Verse 15 — Surah Al-Jathiyah 45:15

မည်သူမဆို ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျှင် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အကျိုးအတွက် ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုအကုသိုလ် ကို ပြုမူကျင့်ကြံလျှင်လည်း (ယင်းကောင်းမှု၏ဆိုးကျိုးဆက်သည်) ယင်းနဖ်စ်အပေါ်၌သာ သက်ရောက် မည်ဖြစ်၏။ ထို့နောက် သင်တို့အားလုံးသည် သင်တို့အား ထွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်ထံတော်သို့သာလျှင် ဦးလှည့်ပြန်သွားစေတော်မူမည် ဖြစ်၏။