Back to Languages

Burmese - Chapter 45 - Al-Jathiyah

Translation by Alin U Yin — Permalink

Verse 17 — Surah Al-Jathiyah 45:17

ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား (သာသနာရေးရာ) အရှင့်စီမံချက်အမိန့်တော်မှ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားများပါဝင်သည့် ရှင်းလင်းချက်များကို ချီးမြှင့်ပေးအပ် တော်မူခဲ့၏။ သို့သော် (ယခင်က ကျမ်းပေးအပ်ခြင်းခံရသော) သူတို့သည် (အမှန်တရားဆိုင်ရာ) အသိပညာကို သူတို့ထံသို့ ရောက်စေခဲ့ပြီးနောက် သူတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲလျက် ဂိုဏ်းဂနများခွဲခဲ့ခြင်း သည် (သူတို့၏ပမာမခန့်မှုနှင့်) အပြိုင်အဆိုင် မနာလိုမှုကြောင့်မှအပ အခြား (မည်သည့် အကြောင်းရင်းမျှ) မရှိပေ။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသောအရှင်မြတ်သည် သူတို့အချင်းချင်းကြား တွင် သဘောထား မတိုက်ဆိုင်၍ကွဲလွဲနေခဲ့ကြသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ (သူတို့ထဲမှ ကောင်းမှု ပြုသူအား ဆုလဒ်နှင့်မကောင်းမှုပြုသူအား ပြစ်ဒဏ်ပေးရန်အတွက်) တမလွန် ရှင်ပြန်ထမြောက်မည့်နေ့တွင် အပြီးသတ်စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။