Back to Languages

Burmese - Chapter 45 - Al-Jathiyah

Translation by Alin U Yin — Permalink

Verse 22 — Surah Al-Jathiyah 45:22

(စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကို နက်နဲသိမ်မွေ့သော ရည်ရွယ်ချက် စည်းမျဉ်းနိယာမတော်များနှင့်အခြေခံမူများ ပါဝင်စေလျက်) အမှန်တရာသစ္စာအဖြစ် ဖွဲ့စည်းဖြစ် တည်စေတော်မူခဲ့၏။ ထိုသို့ဖြစ်စေတော်မူခြင်းသည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းအား ယင်းကိုအသုံးချ၍ ရှာမှီးဆည်းပူးခဲ့သမျှ (ကောင်းမှုနှင့်မကောင်းမှုတို့အတွက် ဆုလဒ်နှင့်ပေးဆပ်မှုကို အစားပေး ခြင်းခံရအံ့သောငှာ ဖြစ်ပြီး သူတို့သည် မတော်မတရား အရေးယူခြင်းကို ခံကြရမည်မဟုတ်ပေ။)