Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 45 - Al-Jathiyah
Translation by Alin U Yin — Permalink
Verse 23 — Surah Al-Jathiyah 45:23
(အို၊ ရစူလ်တမန်တော်၊) သင်သည် သူ၏အတ္တစွဲ စိတ်အလိုဆန္ဒကို သူ၏ကိုးကွယ်ရာအဖြစ် အယူထား၍ ကိုးကွယ်နေသောသူ၏အကြောင်းကို မတွေ့မမြင်မသုံးသပ်မိ လေသလော။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (သူ၏ဆန္ဒရည်ရွယ်ချက်နှင့်လုပ်ရပ်များကြောင့် သူ့၌ အမှန်တရားနှင့်စပ်လျဉ်းသော) အသိပညာရှိသည့်တိုင် သူ့အား လမ်းမှား၌ရှိစေရန် ခွင့်ပြုတော်မူပြီး သူ၏နားများ (အကြားအာရုံ) နှင့်သူ၏စိတ်နှလုံး (သိနားလည်နိုင်စွမ်း) အပေါ် (မြင်နိုင်စွမ်းနှင့်သိနားလည်နိုင်စွမ်းကို) တံဆိပ်ခတ်နှိပ်တော်မူရုံသာမက သူ့မျက် စိများ (အမြင်အာရုံ) ပေါ်တွင်လည်း အဖုံးအကာကို ဖြစ်စေတော်မူလျှင် ထိုသူအား အလ္လာဟ်အရှင်မြတ်မှ လွဲ၍ အခြားမည်သူက တရားလမ်းမှန်ကို ညွှန်ပြနိုင်မည်နည်း။ သို့ပါလျက် သင်တို့သည် (အရှင်မြတ်ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလျက်) သတိတရားရခြင်း မရှိကြလေသလော။