Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 45 - Al-Jathiyah
Translation by Alin U Yin — Permalink
Verse 25 — Surah Al-Jathiyah 45:25
ထို့ပြင် သူတို့ရှေ့ဝယ် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားနှင့် ရှင်းလင်းချက်များပါဝင်သည့် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို သွန်သင်ဖတ်ကြားခြင်း ခံရလေသောအခါ သူတို့က ''အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများဖြစ်ကြလျှင် ကျွန်ုပ် တို့၏ (ကွယ်လွန်သေဆုံးသွားခဲ့ပြီးဖြစ်သော) အဘ၊ ဘိုး၊ ဘေးဘီဘင်တို့အား (ပြန်လည်ရှင်ပြန်ထစေ၍) ခေါ်ယူခဲ့ကြလော့။'' ဟု ပြောဆိုခြင်းမှအပ (အခြားမည်သည့် ဆင်ခြေဆင်လက်မျှ မပေးနိုင်ဘဲ) စောဒကတက် ငြင်းခုံနေကြခြင်းသာ ဖြစ်၏။