Back to Languages

Burmese - Chapter 45 - Al-Jathiyah

Translation by Alin U Yin — Permalink

Verse 26 — Surah Al-Jathiyah 45:26

(အို၊ ရစူလ်တမန်တော် သူတို့အား) “အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အား အသက်ပေးလျက် ရှင်စေတော်မူပြီးနောက် တစ်ဖန် သေစေတော်မူကာ ထို့နောက်တစ်ဖန် (ဒုတိယအကြိမ်) ရှင်ပြန်ထစေတော်မူ၍ ထိုအရှင်မြတ်သည်ပင် သင်တို့အား ရှင်ပြန်ထမြောက်မည့်နေ့ (၏ တမလွန်တရားခွင်) သို့ စုရုံးရောက်ရှိစေတော်မူမည်မှာ ဒွိဟသံသယဖြစ်စရာ အလျှင်း မရှိပေ။ သို့ရာတွင် လူသားအများစုမှာမူကား (ထိုအကြောင်း နှင့်စပ်လျဉ်း၍ ထင်ရာမြင်ရာကို ထင်ကြေးပေးပြောဆိုပြီး ထင်မြင်ယူဆချက်အပေါ်သာ မှီခိုနေသောကြောင့်) သိနားလည်ကြသည် မဟုတ်ပေ။” ဟု ဟောပြောလော့။