Back to Languages

Burmese - Chapter 45 - Al-Jathiyah

Translation by Alin U Yin — Permalink

Verse 27 — Surah Al-Jathiyah 45:27

ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် (ကို အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အလျှောက် ယင်းတို့) ၏ အချုပ်အခြာအာဏာသည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ ထို့ပြင် ရှင်ပြန်ထမည့် အချိန်ကာလ ဆိုက်ရောက်လာမည့်နေ့တွင်မူ မိစ္ဆာဒိဌိကို လိုက်စားကြသောသူတို့သည် ပျက်စီးဆုံးရှုံးကြပေမည်။