Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 45 - Al-Jathiyah
Translation by Alin U Yin — Permalink
Verse 32 — Surah Al-Jathiyah 45:32
ထို့ပြင် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်၏ (မကောင်းမှုအကုသိုလ်ပြုကျင့်သူတို့အတွက် ငရဲဘုံရှိ ကြောင်းနှင့်ကောင်းမှုကုသိုလ်များဖြင့် ဘဝတည်ဆောက်သူတို့အတွက် သုခဥယျာဉ်ရှိကြောင်းမည်သော) ကတိ တော်သည် အမှန်တရားဖြစ်ပြီး ရှင်ပြန်ထမည့်အချိန်ကာလနှင့်စပ်လျဉ်း၍ ယင်း၌ မည်သည့် ဒွိဟသံသယမျှ ဖြစ်စရာမလိုကြောင်း ပြောဆိုခြင်း ခံခဲ့ရလေသောအခါ သင်တို့က ''ကျွန်ုပ်သည် ရှင်ပြန်ထမည့်အချိန်ကာလမှာ အဘယ်နည်းဟူသည်ကို မသိကြပေ။ ကျွန်ုပ်တို့၌ (ယင်းရှင်ပြန်ထမည့်အချိန်နှင့်စပ်လျဉ်း၍) ထင်မြင်ယူဆချက်တစ်ခုမှအပ အခြားမည်သည့်အဓိပ္ပါယ်မျှမရှိကြောင်း မှန်းဆတွေးထင်ကြလေ၏။ ထို့ပြင် ကျွန်ုပ်တို့တွင် အခိုင်အမာယုံ ကြည်နိုင်သည့် တပ်အပ်သေချာမှု မရှိချေ။'' ဟု ပြောဆိုခဲ့ကြသည်။