Back to Languages

Burmese - Chapter 45 - Al-Jathiyah

Translation by Alin U Yin — Permalink

Verse 35 — Surah Al-Jathiyah 45:35

ထိုသို့ဖြစ်ရခြင်းမှာ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို (မထီမဲ့မြင်ပြုလျက်) ပြောင်လှောင်သရော်ဖွယ်ရာများအဖြစ် ပြုလုပ်ခဲ့ကြသောကြောင့်လည်းကောင်း၊ လောကီ ဘဝသက်တမ်းသည် သင်တို့အား လှည့်စားခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်သည်။ သို့ဖြစ်ပေရာ ယနေ့သော် ကား သူတို့သည် ယင်း (ငရဲဘုံ) မှ ထွက်ခွာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ရုံသာမက (လောကီကမ္ဘာသို့ ပြန်၍ ကောင်းမှုလုပ်နိုင်ရန် တောင်းဆိုခြင်းကိုလည်း လက်ခံတော်မူမည် မဟုတ်သောကြောင့်) အမှားပြင်ဆင် ခွင့်ရရန် စေတနာထားခြင်းခံကြရမည်လည်း မဟုတ်ချေ။