Back to Languages

Burmese - Chapter 45 - Al-Jathiyah

Translation by Alin U Yin — Permalink

Verse 9 — Surah Al-Jathiyah 45:9

ထို့ပြင် ထိုသူသည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအနက်မှ (စကြဝဠာ၌ ထင်ရှားနေသော နိယာမတရားကိုဖြစ်စေ ကျမ်းတော်မြတ်ကုရ်အာန်၏အမိန့်တော်ကိုဖြစ်) တစ်စုံတစ်ရာအား သိလာ သောအခါ သူသည် ယင်းကိုပင် (မထီလေးစားပြုလျက်) လှောင်ပြောင်သရော်စရာ မှတ်ယူလေ့ရှိ၏။ ထိုသူတို့မူကား သူတို့အတွက် မသတီဖွယ်ရာအရှက်ကွဲစေသောပြစ်ဒဏ်သည် ရှိနေ၏။