Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 46 - Al-Ahqaf
Translation by Alin U Yin — Permalink
Verse 10 — Surah Al-Ahqaf 46:10
(အို၊ ရစူလ်တမန်တော် သူတို့အား) ဟောပြောလော့ “အကယ်၍ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ (ထုတ်ပြန်ချမှတ်ပေးအပ်သော) ကျမ်းတော်ဖြစ်၍ သင်တို့က ယင်းကို မယုံကြည် ဖီဆန်ငြင်းပယ်ကြလျှင် (သင်တို့၏အခြေအနေ မည်သို့ဖြစ်သည်ကို) တွေ့မြင်ဆင်ခြင်သုံးသပ်ကြလေသလော။ အမှန်စင်စစ်သော်ကား (ကုရ်အာန်ကျမ်းတော်မြတ်ကဲ့သို့ တောင်ရာတ်ကျမ်း ချမှတ်ပေးအပ်ခြင်းခံရသော) အစ္စရေးမျိုးနွယ်ဝင်တို့အနက်မှ သက်သေတစ်ဦးက ယင်းသည် အလားတူ (ကျမ်းတော်ပင် ဖြစ်ကြောင်း) သက်သေခံလျက် သက်ဝင်ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း သင်တို့မူကား (သက်ဝင်ယုံကြည်ခြင်းမရှိဘဲ တရားလမ်းမှန်မှ လွဲချော်ကာ) အလွန်ပင် စိတ်ကြီးဝင်မောက်မာ၍ မာနတက်နေကြ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင် မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံ သောလူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။