Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 11 — Surah Al-Ahqaf 46:11

စင်စစ်သော်ကား မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့သည် သက်ဝင်ယုံကြည်သောသူတို့နှင့်ပတ် သက်၍ (မယုံကြည်ဖီဆန်မှုဆိုင်ရာ မူမမှန်သော ဆင်ခြေအဖြစ်) “အကယ်၍ ထို (ကုရ်အာန်ကျမ်းတော်မြတ်) သည် ကောင်းမြတ်သောအရာ (အသုံးဝင်သောအရာတစ်စုံတစ်ခု) ဖြစ်ခဲ့မူ ထိုသက်ဝင်ယုံကြည်သူတို့က ကျွန်ုပ်တို့ထက်ဦး၍ ယင်းကို လက်ခံယုံကြည်နိုင်ကြမည် မဟုတ်ပေ။”ဟု ပြောဆိုကြ၏။ တစ်ဖန် (ယင်းကို ဖီဆန်ငြင်းပယ်ခြင်းကြောင့်) သူတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ဖြင့် တရားလမ်းမှန်ကို မရခဲ့ကြသောအခါ “ဤသည် ရှေးခေတ်က ဒဏ္ဍာရီလုပ်ဇာတ်တစ်ခုသာ ဖြစ်သည်။” ဟု ပြောဆိုကြပြန်၏။