Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 12 — Surah Al-Ahqaf 46:12

အမှန်စင်စစ်မူကား ထို (ကုရ်အာန်ကျမ်းတော်မြတ်) မတိုင်မီ (အစ္စရေးမျိုးနွယ်ဝင်တို့အတွက် ချမှတ်ပေး အပ်တော်မူသော တမန်တော်) မူဆာ၏ကျမ်းတော် (တောင်ရာတ်) သည် ဦးဆောင်လမ်းပြခြင်း နှင့်ကရုဏာ တော်ကို ဖော်ဆောင်ခဲ့၏။ ထို့ပြင် အာရဗီဘာသာစကားဖြင့် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော ဤကျမ်းတော် (မြတ်ကုရ်အာန်) သည် (ရှေးကျမ်းဟု ကြွေးကြော်သည်တို့အား မှန်၊ မမှန်၊ ဖြောင့်မှန်စေလျက်) ထောက်ခံသော ကျမ်းတော်ဖြစ်၍ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့် ကြံသူတို့အား သတိပေးနှိုးဆော်ရန်နှင့်မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့မြင် နေတော်မူ ကြောင်း သိနားလည်၍ အရာရာကို အရှင့်သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အတွက် သတင်းကောင်းပါးရန်ပင် ဖြစ်၏။