Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 46 - Al-Ahqaf
Translation by Alin U Yin — Permalink
Verse 15 — Surah Al-Ahqaf 46:15
(ယခု အခြားကောင်းမှုကုသိုလ်အကြောင်းကို ဖော်ပြရသော်) ငါအရှင်မြတ်သည် မနူဿလူသားအား သူ၏မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာပြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူ၏။ မွေးသမိခင်သည် သူ့အား ပင်ပန်းခက်ခဲမှုကြီးစွာဖြင့် (ဝမ်းတွင်းဝယ်) လွယ်ဆောင်ပြီးနောက် ပင်ပန်းခက်ခဲမှုကြီးစွာဖြင့်ပင် သူ့အား မွေးဖွားခဲ့ရ၏။ ထို့ပြင် သူ့အား လွယ်ပိုက်ခြင်း နို့ချိုတိုက်ကျွေးခြင်း (နှင့်နိုးဖြတ်ခြင်း စသည့် ဆင်းရဲပင်ပန်းမှုကို ရင်ဆိုင်ရသော) အချိန်ကာလသည် လပေါင်းသုံးဆယ် ဖြစ်၏။ နောက်ဆုံးတွင် လူသားသည် လူလားမြောက် သောအရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပြီးနောက် အသက်လေးဆယ်အရွယ်သို့ ရောက်လေသောအခါ “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အပေါ်၌လည်းကောင်း၊ ကျွန်ုပ်၏မိဘနှစ်ပါးအပေါ်၌လည်းကောင်း၊ အရှင့်ကျေးဇူးတော်များ ဂုဏ်သိက္ခာပေးအပ်တော်မူခြင်းနှင့် စပ်လျဉ်း၍ အစဉ်အမြဲ ကျေးဇူးသိတတ်ရန်နှင့်အရှင်မြတ်အား ကျေနပ်နှစ်မြို့စေမည့် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်နိုင်ရန် ကျွန်ုပ်၌ စွမ်းအား ပေးသနားတော်မူပါ။ ထို့ပြင် (ကျွန်ုပ်က ကျွန်ုပ်မိဘအား ကောင်းစွာပြုစုဆက်ဆံသကဲ့သို့) ကျွန်ုပ်အတွက် ကျွန်ုပ်၏သားစဉ်မြေးဆက်တို့၌လည်း ဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်သူများ ဖြစ်စေတော်မူပါ။ ဧကန်ပင်၊ ကျွန်ုပ်သည် အရှင်မြတ်ထံတော် (၌ဝန်ချတောင်းလျက် အရှင်မြတ်ဘက်) သို့သာ ဦးလှည့်ပါ၏။ ဧကန်မလွဲ၊ ကျွန်ုပ်သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ အမိန့်တော်ကို နာခံလိုက်နာလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များတွင် တစ်ဦးအပါအဝင် ဖြစ်ပါ၏။” ဟု လျှောက်ထားပန်ကြားလေ၏။