Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 16 — Surah Al-Ahqaf 46:16

ထိုသူတို့သည်ပင် ငါအရှင်မြတ်က သူတို့ထံမှ (သူတို့၏ကောင်းမြတ်လှသော ပြုမူကျင့်ကြံမှုများကို) သဘောတူလက်ခံတော်မူမည့်သူများ ဖြစ်ကြရုံသာမက သူတို့၏ပြစ်မှုအချို့ကိုလည်း (အရေးမယူဘဲ) ဥပေက္ခာ ပြုတော်မူမည့်အပြင် သုခဘုံဥယျာဉ်၏အပေါင်းအဖော်တို့တွင်လည်း အပါအဝင် ဖြစ်စေတော်မူမည်။ (ဤသည် ကား) သူတို့အား (လောကီဘဝ၌ ကတိထားတော်မူခဲ့သော) ကတိတော်သည် တိကျမှန်ကန်သော အမှန်တရား ဖြစ်ကြောင်းကို ထင်ရှားစေ၏။