Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 17 — Surah Al-Ahqaf 46:17

ထို့ပြင် သူတို့သည် (ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ဘက်သို့ ဖိတ်ခေါ်သည့်) မွေးသမိဘ နှစ်ပါးအား မထီလေးစားပြုလျက် “အို့၊” (သင်တို့နှစ်ဦးအပေါ် စိတ်ကုန်နေပြီ။ ဟု ပြောဆို) ငေါက်ငမ်း၏။ သင်တို့နှစ်ဦးသည် ကျွန်ုပ်အား (သေပြီးနောက် တစ်ဖန် တမလွန်တရားခွင်၌ တရားရင်ဆိုင်ရန် သင်္ချိုင်းမှ) ပြန် ထွက်စေတော်မူမည်ဟု ခြိမ်းခြောက်ကြလေသလော။ အမှန်စင်စစ်၊ ကျွန်ုပ်အလျင်လည်း (မြောက်မြားစွာသော) မျိုးဆက် တို့သည် (ဤလောကီဘဝကို စွန့်၍) လွန်လေခဲ့ကြပြီ။” (သူတို့အနက်မှ မည်သူမျှ ရှင်ပြန်ထသည်ကို မတွေ့ခဲ့ပါ။ ဟု ပြော၏။) သို့​ဖြစ်ပေရာ ထိုမိဘနှစ်ပါးတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အကူအညီ တောင်းခံကြ၏။ (တစ်ဖန် မိဘကို မထီလေးစားငေါက်ငမ်းသောသားသမီးအား မိဘက) အသင် ဒုက္ခလှလှ တွေ့ပါစေ။ အသင်သည် ပျက်စီးရခြင်းမှ အာအကွယ်ရရန် သက်ဝင်ယုံကြည်လော့။ စင်စစ်ဧကန်၊ (ဖြောင့်မတ်မှန်ကန်မှုများဖြင့် သီလဆောက်တည်သူတို့အတွက် သုခဥယျာဉ်ရှိပြီး မကောင်းမှုအကုသိုလ်၌ နစ်မြုပ်နေသူတို့အ တွက် ငရဲဘုံရှိစေတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် အမှန်တရားဖြစ်ကြောင်း စွဲမြဲစွာ ယုံကြည်မှတ်ထားလော့။” ဟု ဆုံးမခဲ့၏။ သို့သော်လည်း သူက “ဤသည်တို့ကား ရှေးခေတ်လူတို့၏ဒဏ္ဍာရီ ပုံပြင်များသာလျှင် ဖြစ်၏ဟု တုံ့ပြန်ပြောဆိုလေ၏။