Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 20 — Surah Al-Ahqaf 46:20

ထို့ပြင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့သည် ငရဲမီးသို့ ပို့ဆောင်ခြင်းခံကြရသောအခါ သူတို့အား “သင်တို့သည် လောကီဘဝ၌ သင်တို့ ၏ကောင်းမြတ်စင်ကြယ်ရာ (ဝေစုဝေပုံ) များကို (စိတ်အလိုရမ္မက်နှင့်အညီ အသုံးချလျက် အလွဲသုံးစား ပြုခြင်းဖြင့်) ဖြုန်းတီးခဲ့ကြပြီး ထိုလောကီအကျိုးခံစား (ခွင့်နှင့်ရပိုင်) ခွင့်များဖြင့် ပျော်ရွှင်မြူးထူးခဲ့ကြရာ ယနေ့သော်ကား ကမ္ဘာမြေပေါ်ဝယ် သင်တို့က လူ့အခွင့်အရေးအားလုံးနှင့်ဆန့်ကျင်၍ မတရားသဖြင့် ဘဝင်မြင့် မောက်မာခဲ့ ကြသောကြောင့်လည်းကောင်း၊ အရှင့်စည်းမျဉ်းအမိန့်တော်များကို ဖီဆန်ချိုးဖောက်၍ အာခံ သောင်းကျန်းခဲ့ကြသောကြောင့်လည်းကောင်း၊ အကျိုးယုတ်အရှက်ရစေသော ပြစ်ဒဏ်ကို အစားပေးခြင်းခံကြရလိမ့်မည်။” ဟု ပြောစေတော်မူလိမ့်မည်။