Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 21 — Surah Al-Ahqaf 46:21

ထို့ပြင် (အို၊ ရစူလ်တမန်တော် အသင်သည် သူတို့အား) အာဒ်လူမျိုးတို့၏နောင်တော် (တမန်တော်ဟူဒ်) အကြောင်းကို သတိဖော်ပေးလျက် ထုတ်ဖော်ဖွင့်ဟလော့။ ထိုနောင်တော်သည် သူ့လူမျိုးတို့အား 'အဟ်ကာဖ်' မည်သော သဲတောင်များ (ရွာ) ၌ သတိပေးနှိုးဆော်ခဲ့စဉ် သူ့အလျင် ရှေးခေတ်နှင့်သူ့နောက်ပိုင်းတွင် ရောက်လာ ခဲ့ကြသည့် သတိပေးနှိုးဆော်သူများကဲ့သို့ပင် “သင်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သည့် တစ်စုံ တစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြလေနှင့်။ ဧကန်စင်စစ်၊ ကျွန်ုပ်သည် အသင်တို့အပေါ် အလွန် ထိတ်လန့်ထူးကဲသောနေ့၏ပြစ်ဒဏ် (ဆိုက်ရောက်လာမည်ကို) စိုးရိမ်ကြောင့်ကြပါ၏။ ဟု ဟောပြောခဲ့၏။