Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 26 — Surah Al-Ahqaf 46:26

တစ်ဖန် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အား (ဂုဏ်သိက္ခာ၊ ဩဇာအာဏာနှင့်စည်းစိမ်းချမ်းသာ များပေးအပ်တော်မူလျက်) သင်တို့၏ဒေသ၌ ထူထောင်စေတော်မူသကဲ့သို့ သူတို့အားလည်း သူတို့၏ဒေသ၌ ထူထောင်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နားများ (အကြားအာရုံ)၊ မျက်စိများ (အမြင် အာရုံ) နှင့်စိတ်နှလုံးများ (နားလည်ခံစားနိုင်စွမ်း) ကိုလည်း ပေးအပ်တော်မူသော်လည်း သူတို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ခေါင်းမာမာဖြင့် ငြင်းပယ်ကြပြီး ယင်း (သက် သေလက္ခဏာတော်) တို့ကို လှောင်ပြောင်သရော်ခဲ့ကြသမျှသည် သူတို့အား (အမှုပတ်) လွှမ်းခြုံဝန်းရံထား သောကြောင့် သူတို့၏နားများ၊ မျက်စိများနှင့်စိတ်နှလုံးများသည် သူတို့အတွက် စိုးစဉ်းမျှပင် အသုံးဝင်၊ အရာရောက်ခဲ့သည် မဟုတ်ပေ။