Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 46 - Al-Ahqaf
Translation by Alin U Yin — Permalink
Verse 29 — Surah Al-Ahqaf 46:29
ငါအရှင်မြတ်သည် ဂျင်(န်)များအနက်မှ အုပ်စုတစ်စုကို အသင် (တမန်တော်) ရှိရာသို့ ညွှန်ကြား ရောက်ရှိစေတော်မူခဲ့ရာ သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကြားနာခွင့်ရခဲ့ကြ၏။ ထိုသို့ ယင်းကိုကြားနာရန် ရောက်ရှိခဲ့ကြသောအခါ သူတို့က (အချင်းချင်း၊ တစ်ဦးကိုတစ်ဦး) ဆိတ်ဆိတ်နေကြလော့။"" ဟု တိုက်တွန်း ပြောဆိုခဲ့ကြ၏။ ထို့နောက် (ကုရ်အာန်ကျမ်းတော်မြတ်အား ကြားနာခြင်း) ပြီးဆုံးသွားသောအခါ သူတို့သည် သူတို့လူမျိုးတို့ထံသို့ သတိပေးနှိုးဆော်သူများအဖြစ် လှည့်ပြန်ခဲ့ကြ၏။