Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 33 — Surah Al-Ahqaf 46:33

ဧကန်ပင်၊ မိုးကောင်းကင်များနှင့်မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သည်သာမက ယင်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းကြောင့် ညောင်းညာမောပန်းတော်မူခြင်းလည်း မရှိသော အလ္လာဟ်အရှင်မြတ် သည် သက်မဲ့ (သူသေ) တို့အား အသက်ရှိစေလျက် ရှင်စေခြင်းကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း၊ သူတို့ မစဉ်းစား မဆင်ခြင် မတွေ့မြင် ကြလေသလော။ (အဘယ်ကြောင့် မမြင်ကြရမည်နည်း။ လူတိုင်း) မုချပင် မြင်နိုင်၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။