Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 34 — Surah Al-Ahqaf 46:34

ထို့ပြင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်း ဆန်သူ) သူတို့သည် ငရဲမီးသို့ ပို့ဆောင်ခြင်းခံကြရသောအခါ သူတို့အား “ဤသည် (မြင်သာထင်ရှားသော) အမှန်တရားပင် မဟုတ်လော။ (ဟုမေးမြန်းခြင်းခံကြရပေမည်။) ထိုအခါ သူတို့က “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို တိုင်တည်လျက် ပြောပါရစေ။ တပ်အပ်သေချာပါ၏။” ဟု လျှောက်ထားကြပေမည်။ ထိုအရှင်မြတ်က “သို့ဖြစ်လျှင် သင်တို့သည် သင်တို့ မယုံကြည်သွေဖည် ငြင်းပယ်ခဲ့ ကြသည်နှင့်အညီ ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။ ဟု မိန့်ကြားတော်မူပေမည်။