Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 35 — Surah Al-Ahqaf 46:35

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (ရင်ဆိုင်သမျှ ဒုက္ခအခက်အခဲများ၌ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံခဲ့ကြသော အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်များအနက်မှ (အရေး ကိစ္စများကို ဖြေရှင်းရာ၌ အရှင့်လမ်းညွှန်ချက်နှင့်အညီ) သစ္စာမြဲမြံစွာဆုံးဖြတ် ဆောင်ရွက်ခဲ့ကြသူများကဲ့သို့ ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော့။ ထို့ပြင် အသင်သည် သူတို့နှင့်ပတ်သက်၍ အလျင်စလို (စီရင်ဆုံးဖြတ်ရန်) စိတ်မစောလေနှင့်။ အကယ်၍ ထို (တမလွန်တရားစီရင်မည့်) နေ့တွင် သူတို့သည် သူတို့အတွက် ကတိထားတော် မူသောအရာ (ပြစ်ဒဏ်) ကို တွေ့မြင်ကြလျှင် သူတို့သည် (လောကီဘဝ၏) တစ်နေ့တာမှ တစ်နာရီခန့်မျှ ထက်ပိုမို၍ နေထိုင်ခဲ့ကြသည် မဟုတ်ဘိသကဲ့သို့ပင် (ထင်မှတ်ကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ သင်တို့ထံသို့ အရောက်ပို့စေတော်မူသည့်) သတင်းစကားတော်ပင် ဖြစ်၏။ သို့ဖြစ်ပေရာ အရှင် မြတ်က ချမှတ်တော်မူသော စည်းဘောင်များကို ချိုးဖောက်၍ အာခံသောင်းကျန်းသော လူမျိုးများမှအပ အခြား မည်သူမျှ တိမ်ကောဖျက်ဆီးစေတော်မူ ခြင်းခံကြရမည် မဟုတ်ပေ။