Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 46 - Al-Ahqaf
Translation by Alin U Yin — Permalink
Verse 8 — Surah Al-Ahqaf 46:8
သို့တည်းမဟုတ် သူတို့က “တမန်တော်မုဟမ္မဒ်သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည် ဖန်တီးထားသည်ဟု ပြောဆိုကြလေသလော။ (သို့ဖြစ်လျှင် အို၊ ရစူလ်တမန်တော်၊ အသင်သည် သူတို့အား) “အကယ်၍ ကျွန်ုပ်သည် ယင်းကို ကြံစည်ဖန်တီးခဲ့လျှင် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ကျွန်ုပ်အား ကူညီကာကယ်နိုင်စွမ်း စိုးစဉ်းမျှပင် ရှိလိမ့်မည်မဟုတ်ချေ။ ထိုအရှင်မြတ်သည် ယင်း (ကုရ်အာန် ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ သင်တို့ပြောဆိုနေကြသည့် (ဆွေးနွေးနှီးနှောကြံစည်မှု အလုံးစုံ) ကို အသိဆုံးပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်သင်တို့အကြားဝယ် (အမှန်တရားကို ထင်ရှားစေတော်မူရန်) လုံလောက်သောသက်သေ ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။