Back to Languages

Burmese - Chapter 46 - Al-Ahqaf

Translation by Alin U Yin — Permalink

Verse 9 — Surah Al-Ahqaf 46:9

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ကျွန်ုပ်သည် (ပုဂ္ဂိုလ်ရေးအရနှင့်ကျွန်ုပ်က သွန်သင်တင်ပြမည့် အရှင့်သတင်းစကားအရပါ) ရစူလ်တမန်တော်တို့အနက် အထူးအဆန်း၊ အသစ်အဆန်း မဟုတ်ပေ။ ထို့ပြင် (အနာဂတ်၌ မည်သို့ဖြစ်ပျက်မည်ကို အရှင်မြတ်က အသိပေးတော်မမူဘဲ) ကျွန်ုပ်နှင့်ပတ်သက်၍လည်းကောင်း၊ သင်တို့နှင့်ပတ်သက်၍လည်းကောင်း၊ မည်သို့စီမံဖြစ်စေတော်မူမည်ကို သိရှိသည် မဟုတ်ပေ။ ကျွန်ုပ်သည် (အလ္လာဟ်အရှင်မြတ်က) ကျွန်ုပ်ထံ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းခံရသော အမိန့်တော်များကိုသာလျှင် နာခံလိုက်နာပါ၏။ ကျွန်ုပ်သည် မြင်သာထင်ရှားသော သတိပေးနှိုးဆော်သူတစ်ဦးမှအပ အခြားမဟုတ်ပြီ။