Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 47 - Muhammad
Translation by Alin U Yin — Permalink
Verse 10 — Surah Muhammad 47:10
သူတို့က သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့ (သည် အရှင့်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် မယုံကြည်ဖီဆန်ငြင်း ပယ်ခဲ့ကြရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရေးယူတော်မူခဲ့သောကြောင့် သူတို့) ၏နောက်ဆုံး အကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့ကြောင်းကို တွေ့မြင်လေ့လာ၍ ဆင်ခြင်သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်လျက် ခရီးသွားခြင်း မပြုကြသလော။ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်၌ တိမ်ကောပျက်သုဉ်းမှုကို ဖြစ်စေတော်မူခဲ့၏။ စင်စစ်သော်ကား (အခြား) မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့အတွက်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်လာနိုင်၏။