Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 11 — Surah Muhammad 47:11

ထိုသို့ဖြစ်ခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့၏ (ကိစ္စအဝဝကို ဖြည့်ဆည်း ဆောင်ရွက်ပေးတော်မူသော) ကာကွယ်စောင့်ရှောက်သူဖြစ်ပြီး မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့မူကား သူတို့အတွက် (အရှင်မြတ်နှင့်ဆန့်ကျင်၍ ကူညီစောင်မနိုင်မည့်) ကာကွယ်စောင့်ရှောက်သူဟူ၍ အလျှင်း မရှိသောကြောင့်ပင် ဖြစ်၏။