Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 12 — Surah Muhammad 47:12

ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ ဖြင့် သီလဆောက်တည်ကြသူတို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူမည်။ သို့ရာတွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့မူကား သူတို့သည် (လောကီဘဝ၌ ကျွဲနွားအစရှိသော ခြေလေးချောင်း) တိရစ္ဆာန်တို့ စားသောက်နေထိုင်ကြသကဲ့သို့ပင် စားသောက်နေထိုင်ကြလျက် (လောကီအကျိုးခံစား ခွင့်များနှင့်ရပိုင်ခွင့်များဖြင့်) ပျော်ရွှင်မြူးထူး နေကြပြီး ငရဲမီးသည်သာ သူတို့အတွက် (အသင့်တော်ဆုံး) နေရာထိုင်ခင်း ဖြစ်၏။