Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 47 - Muhammad
Translation by Alin U Yin — Permalink
Verse 15 — Surah Muhammad 47:15
မွတ္တကီ (ခေါ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် ၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသော) သူတော်စင်များအား ကတိထားတော်မူသည် သုခဥယျာဉ်၏ဥပမာသည်ကား ယင်း၌ (အရောင်၊ အနံ့၊ အရသာ၊ အရ) ညစ်ညမ်းမှု လုံးဝ ကင်းရှင်းသော ရေပါရှိသည့် စိမ့်စမ်းရေသည်လည်းကောင်း၊ မည်သည့်အခါမျှ အရသာ ပြောင်းလဲပျက်ပြယ်သွားခြင်းမရှိသော နို့ချောင်းများသည်လည်းကောင်း၊ သောက်သုံး သူတို့အတွက် အနံ့အရသာ အထူးကောင်းမွန်ပြီး ယစ်မှုးစေခြင်းမရှိသော အဖျော်ယမကာစမ်းချောင်းများသည် လည်းကောင်း၊ သန့်စင်ထား၍ အရည်အသွေး ပြည့်ဝသော ပျားရည်စမ်းချောင်းများသည်လည်းကောင်း၊ ရှိကြပေမည်။ ထို့ပြင် သူတို့အတွက် ယင်း (သုခဥယျာဉ်များထဲ) ၌ သစ်သီးဝလံမျိုးစုံသည်လည်း ရှိမည့်အပြင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ််ထံတော်မှ လွတ်ငြိမ်းချမ်းသာ ခွင့်သည်လည်း ရှိပေမည်။ (သို့ဖြစ်ပေရာ သုခဥယျာဉ်၌ ရှိကြမည့်သူတို့သည်) ငရဲမီးထဲ၌ အမြဲထာဝရ နေထိုင် ကြရပြီး ပွက်ပွက်ဆူနေသော ရေကို သောက်စေခြင်းဖြင့် သူတို့၏အူသိမ်၊ အူမများသည်ပင် အအစိတ်စိတ် အမြွှာမြွှာ ပိုင်းဖြတ်စေခြင်း ခံကြရသူတို့ကဲ့သို့ ဖြစ်ကြမည်လော။