Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 16 — Surah Muhammad 47:16

ထို့ပြင် သူတို့အနက်မှ အသင် (တမန်တော်) ထံ (ရောက်လာ၍ ပြန်လည်) ထွက်သွားသည်အထိ အသင့် ထံပါး၌ပင် ကြားနာသူ (အချို့) က (အမှန်တရားကို သိနားလည်ခြင်းဆိုင်ရာ) အသိပညာ ချီးမြှင့်ပေးအပ်ခြင်း ခံကြရသောပုဂ္ဂိုလ်တို့အား (စိတ်ကြီးဝင် မာနတက်လျက် ပြက်ရယ်ပြုလှောင်ပြောင်သည့် အနေဖြင့် တမန်တော် မြတ်သည်) စောစောက မည်သည်ကို ပြောဆိုခဲ့သနည်းဟု မေးမြန်းကြ၏။ သူတို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်က သူတို့၏စိတ်နှလုံးများပေါ်၌ တံဆိပ်ခတ်နှိပ်ထားတော်မူသူများဖြစ်ပြီး သူတို့သည် သူတို့၏စိတ်အလို ဆန္ဒရမ္မက်များနောက်သို့ တကောက်ကောက်လိုက်နေကြ၏။